ကမာၻ႔အႏၲရာယ္အမ်ားဆုံး ငါး (၁၀) မ်ိဳး


ကမာၻ႔အႏၲရာယ္အမ်ားဆုံး ငါး (၁၀) မ်ိဳး

ကြၽန္ေတာ္တို႔ ကမာၻႀကီးဟာ ငါးထြက္ကုန္အစားအေသာက္ေတြကို အမ်ားစု စားသုံးၾကပါတယ္။ ကမာၻေျမႀကီးရဲ႕ ေရခ်ိဳ၊ ေရငန္ေတြမွာ ငါးမ်ိဳးစိတ္ေပါင္း ၃၀၀၀၀ ေက်ာ္ရွိၾကပါတယ္။ ဒီလို ငါးမ်ိဳးစိတ္ ၃ ေသာင္းေက်ာ္ထဲမွာမွ အံ့မခန္းဖြယ္ရာ လွပတဲ့ငါးမ်ိဳးစိတ္ေတြ အမ်ားႀကီးရွိၾကေပမဲ့ ေၾကာက္စရာေကာင္းၿပီး အႏၲရာယ္မ်ားတဲ့ တျခား ငါးမ်ိဳးစိတ္ေတြရွိပါေသးတယ္။ ဒီလို အႏၲရာယ္ေပးတဲ့ငါးမ်ိဳးစိတ္ေတြထဲကမွ တစ္ခ်ိဳ႕က လူသားေတြကို တိုက္ခိုက္ႏိုင္ၾကၿပီး တစ္ခ်ိဳ႕ငါးေတြက်ေတာ့ စားရင္လူကို အဆိပ္မိေစႏိုင္ပါတယ္။ အခုဒီမွာေတာ့ ကမာၻေပၚရွိ ငါးမ်ိဳးစိတ္ေတြထဲမွာမွ အႏၲရာယ္အမ်ားဆုံး ငါး(၁၀) မ်ိဳးအေၾကာင္းကို ဗဟုသုတရေစရန္ ေဖာ္ျပလိုက္ပါတယ္။

၁၀။ ငါးပူတင္း(puffer)

ငါးပူတင္းကို အေနာက္ႏိုင္ငံေတြမွာေတာ့ ငါးေဖာင္း(swellfish)၊ ပူေဖာင္းငါး(blowfish) အစရွိတဲ့ နာမည္အမ်ိဳးမ်ိဳး ေခၚၾကတယ္။ ပူတင္းငါးမ်ိဳးဟာ မ်ိဳးရင္း Tetraodontidae ထဲကျဖစ္ၿပီး မ်ိဳးစိတ္ကေတာ့ ၉၀ ေက်ာ္ရွိၾကပါတယ္။ ငါးပူတင္းေတြရဲ႕ အစြမ္းကာလဲဆိုတာ ရန္သူနဲ႔ ေတြ႕တဲ့အခါမွာ သူတို႔ခႏၶာကိုယ္ထဲကို ေလနဲ႔ေရကို မႈတ္သြင္းၿပီး ေဘာလုံးတစ္လုံးလို ျဖစ္ေအာင္လုပ္ႏိုင္တာပါပဲ။ ငါးပူတင္းေတြကို ကမာၻရဲ႕သမပိုင္းရာသီဥတုေတြမွာေတြ႕ႏိုင္ၿပီး မ်ားေသာအားျဖင့္ ပင္လယ္ထဲမွာ ေနေပမဲ့ ေရခ်ိဳေတြမွာလည္း ေနထိုင္ပါတယ္။ ငါးပူတင္းေတြရဲ႕ ခႏၶာကိုယ္က ဆူးငယ္ေတြပါၿပီး ငါးပူတင္းတစ္ေကာင္ဟာ ၉၀ စင္တီမီတာ (၃ေပ) အထိ ႀကီးထြားႏိုင္ေပမဲ့ အမ်ားစုကအ႐ြယ္အစားေသးၾကပါတယ္။ ငါးပူတင္းေတြရဲ႕ ကလီစာေတြထဲမွာ tetraodontoxin လို႔ေခၚတဲ့ ျပင္းထန္တဲ့ neurotoxin အဆိပ္ေတြရွိပါတယ္။ ဒီအဆိပ္ဟာ လူေတြကို ေသေစႏိုင္ေပမဲ့ ျပင္ဆင္ၿပီး စားသုံးေလ့ရွိၾကပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာလည္း ငါးပူတင္းကို ေသခ်ာမခ်က္ျပဳတ္ဘဲ ျဖစ္သလိုစားသုံးၾကတဲ့အတြက္ ေသဆုံးမႈေတြ ခဏခဏျဖစ္ဖူးပါတယ္။ ငါးပူတင္းကို စားသုံးမယ္ဆိုရင္ ေသခ်ာခ်က္ျပဳတ္သင့္ၿပီး ဂ်ပန္ႏိုင္ငံမွာဆိုရင္ ငါးပူတင္းကို fugu လို႔ေခၚၿပီး ေသခ်ာေဆးေၾကာကာ အေတြအႀကဳံရွိတဲ့ စားဖိုမႉးေတြကို ခ်က္ျပဳတ္ေစၿပီး ဟင္းလ်ာအျဖစ္ မက္ေမာစြာစားသုံးၾကပါတယ္။

၉။ ငါးေျခသၤ့နီ (Red Lionfish)

ငါးေျခသၤ့နီ (Red Lionfish)ဟာ Scorpaenidae မ်ိဳးစိတ္ထဲမွာ ပါဝင္ပါတယ္။ ဒီငါးရဲ႕ အစြမ္းကေတာ့ အႏၲရာယ္ေပးႏိုင္တဲ့ ဆူးေတာင္ေတြျဖစ္ၿပီး ဒီဆူးေတာင္ေတြနဲ႔ အထိုးခံရမယ္ဆိုရင္ နာက်င္ေစႏိုင္ၿပီး တစ္ခါတစ္ရံမွာ ေသသည္အထိ ျဖစ္ေစႏိုင္ပါတယ္။ ငါးေျခသၤ့နီ (Red Lionfish)ေတြရဲ႕ ဆူးေတြဟာ ရင္အုပ္နဲ႔ ေက်ာဘက္ေတြမွာရွိၿပီး Scorpaenidae မ်ိဳးစိတ္တစ္ခုျခင္းစီတိုင္းရဲ႕ ခႏၲာကိုယ္မွာ ထူးျခားတဲ့ အစင္းအက်ားေတြပါဝင္ပါတယ္။ ငါးေျခသၤ့နီ (Red Lionfish)ေတြကေတာ့ အနီေရာင္၊အညိဳေရာင္ နဲ႔ အျဖဴေရာင္အစင္းေၾကာင္းေတြျဖစ္ၿပီး ၃၀ စင္တီမီတာ (၁ ေပ) အထိ ရွိႏိုင္ပါတယ္။ ဒီငါးဟာ ေတာင္ပစိဖိတ္သႏၲာေက်ာက္တန္းေတြမွာ ေနထိုင္ၾကၿပီး အေမရိကန္အေရွ႕ပိုင္း၊ မက္ဆီကိုပင္လယ္ေကြ႕နဲ႔ ကာေရဘီယံ ပင္လယ္တစ္ဝိုက္မွာ ေနၾကပါတယ္။ ဒီငါးေတြဟာ မ်ိဳးပြားႏႈန္းေကာင္းမြန္ၿပီး သူ႔ကို ၿခိမ္းေျခာက္ႏိုင္တဲ့ ငါးသိပ္မရွိတာေၾကာင့္ သႏၲာေက်ာက္တန္းမွာ ေနၾကတဲ့တျခားငါးေတြလည္း ဒီငါးေၾကာင့္ ျပဳန္းတီးကုန္ၾကပါတယ္။

၈။ Candiru ငါးခူမ်ိဳး

Candiru ငါးခူေတြက အေၾကးခြံမရွိတဲ့ငါးေတြျဖစ္ၿပီး မ်ိဳးရင္း Trichomycteridae ထဲမွာ ပါဝင္ၾကကာ အေမဇုံျမစ္တစ္ေလွ်ာက္မွာ ေနထိုင္ၾကပါတယ္။ Candiru ငါးခူက ကပ္ပါးငါးျဖစ္ၿပီး သူတို႔ရဲ႕ခႏၲာကိုယ္က အလင္းေဖာက္ႏိုင္ကာ အရွည္ကလည္း ၂.၅ စင္တီမီတာ(၁ လက္မ) ေလာက္ပဲရွိပါတယ္။ Candiru ငါးခူမ်ိဳး ေတြက ေသြးကိုေသာက္ေလ့ရွိၿပီး တျခားငါးေတြရဲ႕ ပါးဟပ္ေတြမွာ ေနထိုင္ၾကပါတယ္။ ဒီငါးရဲ႕ ၿခိမ္းေျခာက္မႈကေတာ့ ေရကူးတဲ့ တိရစာၦန္ေတြနဲ႔၊ လူေတြရဲ႕ ဆီးလမ္းေၾကာင္းထဲကို ဝင္ေရာက္ႏိုင္တာပါပဲ။ ဆီးလမ္းေၾကာင္းထဲေရာက္သြားၿပီဆိုရင္ သူ႔ရဲ႕ဆူးေတာင္ကို ေထာင္လိုက္တဲ့အခါမွာ ခံရတဲ့သူကို ေရာင္ယမ္းျခင္း၊ ေသြးထြက္ျခင္းနဲ႔ ေသဆုံးသည္အထိ ျဖစ္ေစႏိုင္ပါတယ္။

၇။ ငါးမန္းျဖဴ (Great White Shark)

အႏၲရာယ္အမ်ားဆုံး ငါးမ်ားဆိုကတည္းက စာဖတ္သူေတြ ငါးမန္းကို ေမွ်ာ္ေနၾကမယ္လို႔ ကြၽန္ေတာ္ေတြးမိပါတယ္။ အခုဒီ အႏၲရာယ္အမ်ားဆုံး ငါးစာရင္း နံပါတ္ ၇ ေနရာမွာေတာ့ ငါးမန္းျဖဴကေနရာယူထားၿပီး ငါးမန္းအေၾကာင္းေတာ့ အေသးစိတ္ မိတ္ဆက္ေပးဖို႔ လိုမယ္မထင္ပါဘူး။ ငါးမန္းျဖဴေတြဟာ မ်ိဳးစိတ္ Carcharodon carcharias ထဲမွာပါဝင္ၿပီး ငါးမန္းအမ်ိဳးအစားေတြထဲမွာ ခြန္အားအႀကီးဆုံးနဲ႔ အႏၲရာယ္အေပးႏိုင္ဆုံး ငါးမန္းမ်ိဳးလည္း ျဖစ္ပါတယ္။ ငါးမန္းျဖဴေတြဟာ သူတို႔က်က္စားရာေဒသေတြမွာ ေရလာကူးၾကတဲ့သူေတြ၊ ေရငုပ္သမားေတြနဲ႔ ေလွငယ္ေလးေတြကိုေတာင္တိုက္ခိုက္ႏိုင္ၾကတယ္။ ဒါေပမဲ့ ငါးမန္းျဖဴရဲ႕ သဘာဝတစ္ခုကေတာ့ လူသားတစ္ေယာက္ကို တစ္ခ်က္ေလာက္ပဲ ကိုက္ၿပီး ေနာက္ျပန္ဆုတ္သြားတတ္ၾကတာပါပဲ ။ ငါးမန္းေတြဟာ လူသားေတြကို ဒုတိယအႀကိမ္ ျပန္လာကိုက္တယ္ဆိုတာ ေတာ္ေတာ္ရွားပါးလြန္းပါတယ္။ တကယ္လို႔ လူတစ္ေယာက္ ငါးမန္းကိုက္တဲ့ ဒဏ္ရာ သိပ္မျပင္းဘူးဆိုရင္ေတာ့ သူ႔အေနနဲ႔ အသက္ရွင္ႏိုင္ဖို႔အလားလားရွိၿပီး ကိုက္ခ်က္ျပင္းတယ္ဆိုရင္ေတာ့ တစ္ခ်က္တည္းနဲ႔ပဲေသႏိုင္ပါတယ္။ တစ္ကမာၻလုံးစစ္တမ္းမ်ားအရ အေမရိကန္အေနာက္ပိုင္းမွာဆိုရင္ ငါးမန္းကိုက္ခံရတဲ့ လူဦးေရမ်ားအနက္ ၇ ရာခိုင္ႏႈန္းသာေသဆုံးၾကၿပီး ေတာင္အာဖရိကမွာေတာ့ ငါးမန္းကိုက္ခံရတဲ့ လူ ၂၀ ရာခိုင္ႏႈန္းအထိ ေသၾကပါတယ္။ ဩစေတ်းလ်ဘက္မွာေတာ့ ၆၀ ရာခိုင္ႏႈန္းအထိ ေသဆုံးမႈမ်ားပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ ငါးမန္းဟာ လူသားေတြကို ပင္လယ္ဖ်ံတို႔၊ sea lion တို႔လို႔ အေကာင္ေတြနဲ႔ မွားၿပီး တိုက္ခိုက္တတ္ၾကတယ္လို႔ဆိုထားေပမဲ့ ငါးမန္းေတြက သားေကာင္ရွားတဲ့အခါမွာလည္း လူသားေတြကို တိုက္ခိုက္ႏိုင္ပါတယ္။

၆။ မိုေရး ငါးရွဥ့္ (Moray eel)

ေရာင္စုံ မိုေရး ငါးရွဥ့္ မ်ိဳးစိတ္ေပါင္း ၂၀၀ ေက်ာ္ခန႔္ရွိၿပီး အပူပိုင္းေဒသ နဲ႔ သမပိုင္းရာသီဥတုရွိတဲ့ ပင္လယ္သမုဒၵရာေတြမွာ ေတြ႕ႏိုင္ပါတယ္။ မိုေရး ငါးရွဥ့္ ေတြဟာ သႏၲာေက်ာက္တန္းေတြနဲ႔ ေက်ာင္ေဆာင္ အက္ကြဲၾကားမွာ ေနထိုင္ၾကပါတယ္။ မိုေရး ငါးရွဥ့္ နဲ႔ တျခား ငါးရွဥ့္ေတြမတူတာကေတာ့ မိုေရးငါးရွဥ့္မွာ ပါးဟတ္ဝိုင္းေလးရွိေနၿပီး ပုံမွန္အားျဖင့္ ရင္အုပ္ေရယပ္ေတြ မရွိၾကပါဘူး။ မိုေရးငါးရွဥ့္ ေတြရဲ႕ အေရျပားေတြက ထူၿပီး ေခ်ာေမြ႕ကာ အေၾကးခြံေတြမရွိၾကပါဘူး။ အႏၲရာယ္အရွိဆုံးငါးစာရင္းထဲမွာ ပါဝင္ေနျခင္းအေၾကာင္းကေတာ့ မိုေရးငါးရွဥ့္ ေတြရဲ႕ ေမး႐ိုးေတြဟာ သန္မာၿပီးခြၽန္ထက္တဲ့ သြားမ်ားနဲ႔ သားေကာင္ကို ကိုက္ခဲၿပီး ဖမ္းထားႏိုင္ၾကၿပီး ဒဏ္ရာျပင္းထန္စြာျဖစ္ေစႏိုင္တာေၾကာင့္ပါ ။ မိုေရးငါးရွဥ့္ ေတြဟာ လူေတြလာေႏွာင့္ယွက္တဲ့အခ်ိန္မွသာ ျပန္တိုက္ခိုက္တတ္ၾကၿပီး လူကိုေသေစႏိုင္ပါတယ္။ မိုေရးငါးရွဥ့္ ေတြဟာ ေရာင္စုံေတာက္ေတာက္ရွိၾကၿပီး အမ်ားဆုံး ၁.၅ မီတာ (၅ ေပ)အထိရွည္လ်ားၾကပါတယ္။ ဒါေပမဲ့ ပစိဖိတ္သမုဒၵရာအတြင္းက မိုေရးငါးရွဥ့္ တစ္မ်ိဳးျဖစ္တဲ့ Thyrsoidea macrurus ကေတာ့ ၃.၅ မီတာ (၁၁.၅ ေပ)အထိရွည္ၾကပါတယ္။ မိုေရးငါးရွဥ့္ ေတြကို တစ္ခ်ိဳ႕ေနရာေတြမွာ ဟင္းလ်ာအျဖစ္စားသုံးၾကေပမဲ့ သူတို႔ရဲ႕ အသားဟာ အဆိပ္ရွိၿပီး တစ္ခါတစ္ရံမွာ ေသဆုံးေစႏိုင္ပါတယ္။

၅။ က်ားငါး (Tigerfish)

က်ားငါးလို႔ ေခၚရျခင္းအေၾကာင္းကေတာ့ ဒီငါးေတြရဲ႕ ရန္လိုျခင္း၊ တိုက္ခိုက္ႏိုင္စြမ္းနဲ႔ ပုံစံတို႔ေၾကာင့္ျဖစ္ပါတယ္။ က်ားငါးေတြဟာ အာဖရိကေရခ်ိဳေတြမွာ ေနထိုင္ၾကၿပီး မ်ိဳးစိတ္ genus Hydrocynus ထဲမွာ ပါဝင္ပါတယ္။ က်ားငါးေတြဟာ ဆယ္လ္မြန္ငါးခႏၶာကိုယ္ရွိၿပီး အစင္းေၾကာင္း ေတြပါဝင္ကာ သူ႔ရဲ႕သြားေတြကေတာ့ ဓားေျမႇာင္ေတြနဲ႔ အလားတူပါတယ္။ က်ားငါးေတြဟာ မ်ိဳးစိတ္ ၅ ခု ခန႔္ရွိၿပီး အရွည္ကေတာ့ ၁.၈ မီတာ (၆ေပ)အထိရွိႏိုင္ၾကပါတယ္။

၄။ ပီရန္ဟာ အသားစားငါးငယ္ (Piranha)

ပီရန္ဟာ အသားစားငါးငယ္ ကို caribe ဒါမွမဟုတ္ piraya လို႔လည္း ေခၚၾကပါတယ္။ ေတာင္အေမရိကန္ ျမစ္ေတြ၊ ကန္ေတြမွာ ေနထိုင္ၾကတဲ့ အသားစားငါးျဖစ္တဲ့ပီရန္ဟာမွာ ျမည့္ေနတဲ့ သြားေတြရွိပါတယ္။ မ်ိဳးစိတ္ေပါင္း ၆၀ ခန႔္ရွိၿပီး ရက္စက္ၾကမ္းၾကဳတ္ရာမွာ ထင္ရွားတဲ့ငါးမ်ိဳးပါ။ စာဖတ္သူတို႔လည္း Piranha ႐ုပ္ရွင္ကားေတြ ၾကည့္ဖူးမယ္ဆိုရင္ ဒီငါးေတြ ဘယ္ေလာက္ရက္စက္ၾကလဲဆိုတာ ေတြ႕မွာေပါ့ ။ ဒါေပမဲ့ ပီရန္ဟာတိုင္း အသားမစားၾကပါဘူး။ မ်ိဳးစိတ္အမ်ားစုက အသားငါးအပုပ္အသိုးေတြနဲ႔ အပင္ေတြကို စားေသာက္ၾကပါတယ္။ ပီရန္ဟာေတြဟာ ၆၀ စင္တီမီတာ (၂ေပ ) ေလာက္ပဲ ႀကီးႏိုင္ၿပီး အေရာင္ေတြကေတာ့ ေငြေရာင္ကေန အနက္ေရာင္ အထိရွိၾကပါတယ္။ ပီရန္ဟာေတြဟာ အုပ္စုဖြဲ႕ေနထိုင္တတ္ၾကၿပီး အေကာင္ေရ ၁၀၀ ေက်ာ္ေနထိုင္ၾကပါတယ္။ ပီရန္ဟာေတြဟာ သူတို႔ထက္ အေကာင္ေသးတဲ့ သားေကာင္ေတြကိုပဲ တိုက္ခိုက္ေလ့ရွိၿပီး တစ္ခါတစ္ရံမွာေတာ့ အေကာင္ႀကီးေတြကို တိုက္ခိုက္တတ္ပါတယ္။ အၾကားအာ႐ုံအားေကာင္းတဲ့ သတၱဝါေတြျဖစ္ၿပီး သားေကာင္ေတြရင္ အခ်င္းခ်င္းအခ်က္ေပးၿပီး အုပ္စုဖြဲ႕တိုက္ခိုက္တတ္ၾကပါတယ္။ တိုက္ခိုက္ၿပီဆိုရင္လည္း တစ္ခ်က္ေလာက္ကိုကိုက္ၿပီးတာနဲ႔ တျခားေကာင္ေတြစားဖို႔အတြက္ ဖယ္ေပးၾကပါတယ္။ ေျပာရရင္ စည္းလုံးမႈရွိတဲ့ ငါးေတြလို႔ေျပာရမွာပါ။

၃။ ေက်ာက္တုံးငါး(Stonefish)

ဒီငါးရဲ႕ ပုံကိုၾကည့္ၿပီး ေက်ာက္တုံးငါးလို႔ နာမည္ေပးထားတာ စာဖတ္သူတို႔ အျပည့္အဝလက္ခံၾကလိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ အႏၲရာယ္အေပးႏိုင္ဆုံးငါးေတြထဲမွာ ထိပ္ဆုံးပိုင္းေနရာမွာ ပါဝင္ေနတဲ့ ေက်ာက္တုံးငါးကေတာ့ မ်ိဳးစိတ္ Synancejidae ထဲမွာပါဝင္ၿပီး အင္ဒို – ပစိဖိတ္သမုဒၵရာ ရဲ႕ ေရတိမ္ပိုင္းေတြ၊ ေက်ာက္တုံးေတြ၊ သႏၲာေက်ာက္ေတြနဲ႔ ႐ႊံေတာေတြမွာ ကိုယ္ေယာင္ေဖ်ာက္ၿပီး ေနထိုင္ၾကပါတယ္။ ေက်ာက္တုံးငါးေတြက ေခါင္းႀကီးႀကီး၊ ပါးစပ္ႀကီးႀကီးနဲ႔ တုတ္တုတ္ခိုင္ခိုင္ငါးမ်ိဳးျဖစ္ၿပီး ပင္လယ္ၾကမ္းျပင္မွာ မလႈပ္ရွားဘဲေနထိုင္ၾကၿပီး ပတ္ဝန္းက်င္နဲ႔ ပုံစံတူေအာင္ ကိုယ္ေယာင္ေဖ်ာက္ေနထိုင္ၾကပါတယ္။ ေက်ာက္တုံးငါးရဲ႕ အႏၲရာယ္ေပးႏိုင္တဲ့ အစြမ္းကေတာ့ အလြယ္တကူမျမင္ရဘဲ သူ႔အေပၚတက္နင္းမိရင္ အဆိပ္ေတြကို ေက်ာဘက္ဆူးေတာင္မွ ထိုးသြင္းႏိုင္တဲ့အတြက္ပါ။ ဒီလိုဆူးေတာင္နဲ႔ အထိုးခံရၿပီဆိုရင္ေတာ့ အင္မတန္နာက်င္တဲ့ ေဝဒနာ ခံစားရမွာ ျဖစ္ၿပီး ေသေစတဲ့အထိ ျပင္းထန္ပါတယ္။

၂။ အတၱလႏၲိတ္ ငါးလိပ္ေက်ာက္ (Atlantic Manta)

Menta ငါးလိပ္ေက်ာက္ ဒါမွမဟုတ္ မေကာင္းဆိုးဝါး ငါးလိပ္ေက်ာက္လို႔လည္းေခၚတဲ့ အတၱလႏၲိတ္ ငါးလိပ္ေက်ာက္ဟာ ကမာၻအႀကီးဆုံး ငါးလိပ္ေက်ာက္ အမ်ိဳးအစားထဲမွာ ပါဝင္ၿပီး မ်ိဳးရင္း Mobulidae ထဲမွာပါဝင္ပါတယ္။ အတၱလႏၲိတ္ ငါးလိပ္ေက်ာက္ေတြဟာ အလ်ားထက္ အနံက ပိုရွည္ၿပီး သူ႔ရဲ႕ ရင္ဘတ္ပိုင္းအေရျပားေရယက္မ်ားဟာ ေဘးႏွစ္ဖက္ကို ျပန႔္ကားေနၿပီး အေတာင္ပံပုံစံနဲ႔ တူပါတယ္။ မေကာင္းဆိုးဝါး ဦးခ်ိဳနဲ႔တူတဲ့ သူ႔ရဲ႕ ဦးေခါင္းေရယက္ ႏွစ္ခုက ေခါင္းအေရွ႕မွာ ထြက္ေနပါတယ္။ အႏၲရာယ္အမ်ားဆုံး ငါးစာရင္းမွာ နံပတ္ (၂) ေနရာရေနတဲ့ အေၾကာင္းကေတာ့ သူရဲ႕ က်ာပြတ္နဲ႔တူနဲ႔ အဆိပ္ဆူး အၿမီးေၾကာင့္ပါ။ တစ္ခ်ိဳ႕ မ်ိဳးစိတ္ေတြမွာ အဆိပ္ဆူးက တစ္ေခ်ာင္းမကပါဘူး။ အတၱလႏၲိတ္ငါးလိပ္ေက်ာက္ဟာ ငါးမန္း၊ ငါးလိပ္စြန္တို႔နဲ႔ မ်ိဳးရင္း ဆက္ႏြယ္ေနၿပီး ပင္လယ္ေရေႏြးပိုင္းေတြမွာ ေနထိုင္ၾကပါတယ္။ အတၱလႏၲိတ္ ငါးလိပ္ေက်ာက္ဟာ ေရမ်က္ႏွာျပင္နားမွာပဲ ကူးခပ္ေနထိုင္ၾကၿပီး ပလက္တြန္းလို႔ေခၚတဲ့ ေမ်ာေလွးေတြနဲ႔ ငါးေပါက္ေလးမ်ားကို သူ႔ရဲ႕ ဦးေခါင္းေရယက္နဲ႔ ဖမ္းၿပီးစားတတ္ၾကတယ္။ ငါးလိပ္ေက်ာက္အႀကီးဆုံးကေတာ့ ၇ မီတာ (၂၃ေပ) အထိႀကီးထြားႏိုင္ၿပီး ရန္လိုတဲ့ ငါးမ်ိဳးေတာ့မဟုတ္ပါဘူး။

၁။ လွ်ပ္စစ္ငါးရွဥ့္ (Electric Eel)

မွတ္မိၾကေသးရဲ႕လား။ ၂၀၁၄ ခုႏွစ္ကထြက္တဲ့ Amazing Spider-Man 2 ဇာတ္ကားမွာ လွ်ပ္စစ္အင္ဂ်င္နီယာ မက္စ္ဒီလြန္ (Max Dillon) ကဗီဇျပဳျပင္ထားတဲ့ လွ်ပ္စစ္ငါးရွဥ္ကန္ထဲကို က်သြားၿပီး လွ်ပ္စီးကိုထိန္းခ်ဳပ္ႏိုင္တဲ့ Electro ဗီလိန္ျဖစ္လာတဲ့အခန္း။ တကယ္အျပင္မွာေတာ့ လွ်ပ္စစ္ငါးရွဥ့္ေတြက လူတစ္ေယာက္ကို အဲ့လိုလွ်ပ္စီးေတြ ထိန္းခ်ဳပ္ႏိုင္ေအာင္ေတာ့ မလုပ္ေပးႏိုင္ေပမဲ့ လူတစ္ေယာက္ကိုေတာ့ ေကာင္းေကာင္းဓာတ္လိုက္သြားေအာင္ လွ်ပ္စစ္ထုတ္ႏိုင္ၾကပါေသးတယ္။ ဒါေၾကာင့္ ဒီေကာင္ကနံပါတ္ ၁ ေနရာမွာ ထိုက္ထိုက္တန္တန္ ေနရာယူထားတာေပါ့။ လွ်ပ္စစ္ငါးရွဥ့္ေတြဟာ Electrophorus electricus မ်ိဳးစိတ္ထဲကျဖစ္ၿပီး ေတာင္အေမရိေရခ်ိဳေဒသေတြမွာ ေနထိုင္ၾကပါတယ္။ လွ်ပ္စစ္ငါးရွဥ့္ေတြဟာ ရွည္ရွည္ေမ်ာေမ်ာခႏၶာကိုယ္နဲ႔ အေၾကးခြံမပါဘဲ အညိဳေရာင္ဘက္သန္းတဲ့ အေရာင္ရွိပါတယ္။ လွ်ပ္စစ္ငါးရွဥ့္တစ္ေကာင္ဟာ အမ်ားဆုံး ၂.၇၅ မီတာ (၉ေပ) အထိရွည္လ်ားႏိုင္ၿပီး ၂၂ ကီလိုဂရမ္အထိ အေလးခ်ိန္ရွိၾကပါတယ္။ သူ႔ရဲ႕ အၿမီးပိုင္းဟာ ခႏၶာကိုယ္အလ်ားရဲ႕ ၄ ပုံတစ္ပုံေလာက္ရွိၿပီး ေအာက္ပိုင္း ေရယက္ေလးေတြရွိပါတယ္။ ငါးရွဥ့္ လို႔သာအလြယ္တကူေခၚေနၾကတာ လွ်ပ္စစ္ငါးရွဥ့္က ငါးရွဥ့္အစစ္မဟုတ္ဘဲ ပီရန္ဟာ အသားစားငါးငယ္တို႔နဲ႔မ်ိဳးတူတဲ့ characin ငါးမ်ိဳးျဖစ္ပါတယ္။ ဒါေပမဲ့ ပုံစံက ငါးရွဥ့္လို ရွည္ရွည္ေမ်ာေမ်ာဆိုေတာ့ ငါးရွဥ့္လို႔ပဲေခၚေနၾကတာပါ။ ဒီလွ်ပ္စစ္ငါးရွဥ့္ေတြဟာ အေမဇုံသစ္ေတာမွာရွိ varzea ေရလႊမ္းသစ္ေတာမွာေတာ့ ေၾကာက္စရာအေကာင္းဆုံး အဏၰဝါသားရဲတစ္ေကာင္ပါပဲ။ လွ်ပ္စစ္ငါးရွဥ့္ေတြဟာ ေႏွးေႏွးေလးပဲသြားတဲ့ ငါးျဖစ္ၿပီး အသက္႐ူဖို႔ ေရမ်က္ႏွာျပင္ေပၚကို ခဏခဏ တက္လာေလ့ရွိပါတယ္။ သူရဲ႕ ပါးစပ္ဟာ ေသြးေၾကာအမ်ားအျပားနဲ႔ ဖြဲ႕စည္းထားၿပီး သူ႔ရဲ႕ပါးစပ္ကို အဆုပ္အျဖစ္ အသုံးခ်ႏိုင္တဲ့ငါးမ်ိဳးပါ။ သဘာဝတရားႀကီးကလည္း အံ့ဩဖို႔ေကာင္းပါတယ္။ ဒီလို႔သူ႔ရဲ႕ ပါးစပ္ကို အဆုတ္အျဖစ္ အသုံးခ်တဲ့ငါးျဖစ္တာေၾကာင့္ ဆူးပါတဲ့ ငါးကို စားေတာ့မယ္ဆိုရင္ သူ႔ရဲ႕ပါးစပ္ထိခိုက္မွာဆိုးတဲ့အတြက္ အရင္ဆုံး လွ်ပ္စစ္နဲ႔ ေရွာ့႐ိုက္ၿပီး သားေကာင္မလႈပ္ႏိုင္ေတာ့မွ အလြယ္တကူ စားသုံးတာပါ။ လွ်ပ္စစ္ငါးရွဥ့္ရဲ႕ အၿမီးမွာ လွ်ပ္စစ္ထုတ္လုပ္တဲ့အဂၤါေတြပါဝင္ၿပီး ၃၀၀ ဗို႔ကေန ၆၅၀ ဗို႔ အထိထုတ္လုပ္ႏိုင္ကာ ဒီပမာဏဟာ လူတစ္ေယာက္ကို ေကာင္းေကာင္းဓာတ္လိုက္ေစႏိုင္ပါတယ္။ ဒါ့အျပင့္ ဒီလွ်ပ္စစ္ထုတ္ႏိုင္တဲ့အၿမီးကို အသုံးျပဳၿပီး သူတို႔ဟာ မ်ိဳးႏြယ္တူလွ်ပ္စစ္ငါးရွဥ့္အခ်င္းခ်င္း ဆက္သြယ္ႏိုင္ၾကပါေသးတယ္။

Ref : Encyclopædia Knowledge : 10 of the World’s Most Dangerous Fish

(Unicode)

ကမ္ဘာ့အန္တရာယ်အများဆုံး ငါး (၁၀) မျိုး

ကျွန်တော်တို့ ကမ္ဘာကြီးဟာ ငါးထွက်ကုန်အစားအသောက်တွေကို အများစု စားသုံးကြပါတယ်။ ကမ္ဘာမြေကြီးရဲ့ ရေချို၊ ရေငန်တွေမှာ ငါးမျိုးစိတ်ပေါင်း ၃၀၀၀၀ ကျော်ရှိကြပါတယ်။ ဒီလို ငါးမျိုးစိတ် ၃ သောင်းကျော်ထဲမှာမှ အံ့မခန်းဖွယ်ရာ လှပတဲ့ငါးမျိုးစိတ်တွေ အများကြီးရှိကြပေမဲ့ ကြောက်စရာကောင်းပြီး အန္တရာယ်များတဲ့ တခြား ငါးမျိုးစိတ်တွေရှိပါသေးတယ်။ ဒီလို အန္တရာယ်ပေးတဲ့ငါးမျိုးစိတ်တွေထဲကမှ တစ်ချို့က လူသားတွေကို တိုက်ခိုက်နိုင်ကြပြီး တစ်ချို့ငါးတွေကျတော့ စားရင်လူကို အဆိပ်မိစေနိုင်ပါတယ်။ အခုဒီမှာတော့ ကမ္ဘာပေါ်ရှိ ငါးမျိုးစိတ်တွေထဲမှာမှ အန္တရာယ်အများဆုံး ငါး(၁၀) မျိုးအကြောင်းကို ဗဟုသုတရစေရန် ဖော်ပြလိုက်ပါတယ်။

၁၀။ ငါးပူတင်း(puffer)

ငါးပူတင်းကို အနောက်နိုင်ငံတွေမှာတော့ ငါးဖောင်း(swellfish)၊ ပူဖောင်းငါး(blowfish) အစရှိတဲ့ နာမည်အမျိုးမျိုး ခေါ်ကြတယ်။ ပူတင်းငါးမျိုးဟာ မျိုးရင်း Tetraodontidae ထဲကဖြစ်ပြီး မျိုးစိတ်ကတော့ ၉၀ ကျော်ရှိကြပါတယ်။ ငါးပူတင်းတွေရဲ့ အစွမ်းကာလဲဆိုတာ ရန်သူနဲ့ တွေ့တဲ့အခါမှာ သူတို့ခန္ဓာကိုယ်ထဲကို လေနဲ့ရေကို မှုတ်သွင်းပြီး ဘောလုံးတစ်လုံးလို ဖြစ်အောင်လုပ်နိုင်တာပါပဲ။ ငါးပူတင်းတွေကို ကမ္ဘာရဲ့သမပိုင်းရာသီဥတုတွေမှာတွေ့နိုင်ပြီး များသောအားဖြင့် ပင်လယ်ထဲမှာ နေပေမဲ့ ရေချိုတွေမှာလည်း နေထိုင်ပါတယ်။ ငါးပူတင်းတွေရဲ့ ခန္ဓာကိုယ်က ဆူးငယ်တွေပါပြီး ငါးပူတင်းတစ်ကောင်ဟာ ၉၀ စင်တီမီတာ (၃ပေ) အထိ ကြီးထွားနိုင်ပေမဲ့ အများစုကအရွယ်အစားသေးကြပါတယ်။ ငါးပူတင်းတွေရဲ့ ကလီစာတွေထဲမှာ tetraodontoxin လို့ခေါ်တဲ့ ပြင်းထန်တဲ့ neurotoxin အဆိပ်တွေရှိပါတယ်။ ဒီအဆိပ်ဟာ လူတွေကို သေစေနိုင်ပေမဲ့ ပြင်ဆင်ပြီး စားသုံးလေ့ရှိကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ငါးပူတင်းကို သေချာမချက်ပြုတ်ဘဲ ဖြစ်သလိုစားသုံးကြတဲ့အတွက် သေဆုံးမှုတွေ ခဏခဏဖြစ်ဖူးပါတယ်။ ငါးပူတင်းကို စားသုံးမယ်ဆိုရင် သေချာချက်ပြုတ်သင့်ပြီး ဂျပန်နိုင်ငံမှာဆိုရင် ငါးပူတင်းကို fugu လို့ခေါ်ပြီး သေချာဆေးကြောကာ အတွေအကြုံရှိတဲ့ စားဖိုမှူးတွေကို ချက်ပြုတ်စေပြီး ဟင်းလျာအဖြစ် မက်မောစွာစားသုံးကြပါတယ်။

၉။ ငါးခြေင်္သ့နီ (Red Lionfish)

ငါးခြေင်္သ့နီ (Red Lionfish)ဟာ Scorpaenidae မျိုးစိတ်ထဲမှာ ပါဝင်ပါတယ်။ ဒီငါးရဲ့ အစွမ်းကတော့ အန္တရာယ်ပေးနိုင်တဲ့ ဆူးတောင်တွေဖြစ်ပြီး ဒီဆူးတောင်တွေနဲ့ အထိုးခံရမယ်ဆိုရင် နာကျင်စေနိုင်ပြီး တစ်ခါတစ်ရံမှာ သေသည်အထိ ဖြစ်စေနိုင်ပါတယ်။ ငါးခြေင်္သ့နီ (Red Lionfish)တွေရဲ့ ဆူးတွေဟာ ရင်အုပ်နဲ့ ကျောဘက်တွေမှာရှိပြီး Scorpaenidae မျိုးစိတ်တစ်ခုခြင်းစီတိုင်းရဲ့ ခန္တာကိုယ်မှာ ထူးခြားတဲ့ အစင်းအကျားတွေပါဝင်ပါတယ်။ ငါးခြေင်္သ့နီ (Red Lionfish)တွေကတော့ အနီရောင်၊အညိုရောင် နဲ့ အဖြူရောင်အစင်းကြောင်းတွေဖြစ်ပြီး ၃၀ စင်တီမီတာ (၁ ပေ) အထိ ရှိနိုင်ပါတယ်။ ဒီငါးဟာ တောင်ပစိဖိတ်သန္တာကျောက်တန်းတွေမှာ နေထိုင်ကြပြီး အမေရိကန်အရှေ့ပိုင်း၊ မက်ဆီကိုပင်လယ်ကွေ့နဲ့ ကာရေဘီယံ ပင်လယ်တစ်ဝိုက်မှာ နေကြပါတယ်။ ဒီငါးတွေဟာ မျိုးပွားနှုန်းကောင်းမွန်ပြီး သူ့ကို ခြိမ်းခြောက်နိုင်တဲ့ ငါးသိပ်မရှိတာကြောင့် သန္တာကျောက်တန်းမှာ နေကြတဲ့တခြားငါးတွေလည်း ဒီငါးကြောင့် ပြုန်းတီးကုန်ကြပါတယ်။

၈။ Candiru ငါးခူမျိုး

Candiru ငါးခူတွေက အကြေးခွံမရှိတဲ့ငါးတွေဖြစ်ပြီး မျိုးရင်း Trichomycteridae ထဲမှာ ပါဝင်ကြကာ အမေဇုံမြစ်တစ်လျှောက်မှာ နေထိုင်ကြပါတယ်။ Candiru ငါးခူက ကပ်ပါးငါးဖြစ်ပြီး သူတို့ရဲ့ခန္တာကိုယ်က အလင်းဖောက်နိုင်ကာ အရှည်ကလည်း ၂.၅ စင်တီမီတာ(၁ လက်မ) လောက်ပဲရှိပါတယ်။ Candiru ငါးခူမျိုး တွေက သွေးကိုသောက်လေ့ရှိပြီး တခြားငါးတွေရဲ့ ပါးဟပ်တွေမှာ နေထိုင်ကြပါတယ်။ ဒီငါးရဲ့ ခြိမ်းခြောက်မှုကတော့ ရေကူးတဲ့ တိရစ္ဆာန်တွေနဲ့၊ လူတွေရဲ့ ဆီးလမ်းကြောင်းထဲကို ဝင်ရောက်နိုင်တာပါပဲ။ ဆီးလမ်းကြောင်းထဲရောက်သွားပြီဆိုရင် သူ့ရဲ့ဆူးတောင်ကို ထောင်လိုက်တဲ့အခါမှာ ခံရတဲ့သူကို ရောင်ယမ်းခြင်း၊ သွေးထွက်ခြင်းနဲ့ သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

၇။ ငါးမန်းဖြူ (Great White Shark)

အန္တရာယ်အများဆုံး ငါးများဆိုကတည်းက စာဖတ်သူတွေ ငါးမန်းကို မျှော်နေကြမယ်လို့ ကျွန်တော်တွေးမိပါတယ်။ အခုဒီ အန္တရာယ်အများဆုံး ငါးစာရင်း နံပါတ် ရ နေရာမှာတော့ ငါးမန်းဖြူကနေရာယူထားပြီး ငါးမန်းအကြောင်းတော့ အသေးစိတ် မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ ငါးမန်းဖြူတွေဟာ မျိုးစိတ် Carcharodon carcharias ထဲမှာပါဝင်ပြီး ငါးမန်းအမျိုးအစားတွေထဲမှာ ခွန်အားအကြီးဆုံးနဲ့ အန္တရာယ်အပေးနိုင်ဆုံး ငါးမန်းမျိုးလည်း ဖြစ်ပါတယ်။ ငါးမန်းဖြူတွေဟာ သူတို့ကျက်စားရာဒေသတွေမှာ ရေလာကူးကြတဲ့သူတွေ၊ ရေငုပ်သမားတွေနဲ့ လှေငယ်လေးတွေကိုတောင်တိုက်ခိုက်နိုင်ကြတယ်။ ဒါပေမဲ့ ငါးမန်းဖြူရဲ့ သဘာဝတစ်ခုကတော့ လူသားတစ်ယောက်ကို တစ်ချက်လောက်ပဲ ကိုက်ပြီး နောက်ပြန်ဆုတ်သွားတတ်ကြတာပါပဲ ။ ငါးမန်းတွေဟာ လူသားတွေကို ဒုတိယအကြိမ် ပြန်လာကိုက်တယ်ဆိုတာ တော်တော်ရှားပါးလွန်းပါတယ်။ တကယ်လို့ လူတစ်ယောက် ငါးမန်းကိုက်တဲ့ ဒဏ်ရာ သိပ်မပြင်းဘူးဆိုရင်တော့ သူ့အနေနဲ့ အသက်ရှင်နိုင်ဖို့အလားလားရှိပြီး ကိုက်ချက်ပြင်းတယ်ဆိုရင်တော့ တစ်ချက်တည်းနဲ့ပဲသေနိုင်ပါတယ်။ တစ်ကမ္ဘာလုံးစစ်တမ်းများအရ အမေရိကန်အနောက်ပိုင်းမှာဆိုရင် ငါးမန်းကိုက်ခံရတဲ့ လူဦးရေများအနက် ရ ရာခိုင်နှုန်းသာသေဆုံးကြပြီး တောင်အာဖရိကမှာတော့ ငါးမန်းကိုက်ခံရတဲ့ လူ ၂၀ ရာခိုင်နှုန်းအထိ သေကြပါတယ်။ ဩစတျေးလျဘက်မှာတော့ ၆၀ ရာခိုင်နှုန်းအထိ သေဆုံးမှုများပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ငါးမန်းဟာ လူသားတွေကို ပင်လယ်ဖျံတို့၊ sea lion တို့လို့ အကောင်တွေနဲ့ မှားပြီး တိုက်ခိုက်တတ်ကြတယ်လို့ဆိုထားပေမဲ့ ငါးမန်းတွေက သားကောင်ရှားတဲ့အခါမှာလည်း လူသားတွေကို တိုက်ခိုက်နိုင်ပါတယ်။

၆။ မိုရေး ငါးရှဥ့် (Moray eel)

ရောင်စုံ မိုရေး ငါးရှဥ့် မျိုးစိတ်ပေါင်း ၂၀၀ ကျော်ခန့်ရှိပြီး အပူပိုင်းဒေသ နဲ့ သမပိုင်းရာသီဥတုရှိတဲ့ ပင်လယ်သမုဒ္ဒရာတွေမှာ တွေ့နိုင်ပါတယ်။ မိုရေး ငါးရှဥ့် တွေဟာ သန္တာကျောက်တန်းတွေနဲ့ ကျောင်ဆောင် အက်ကွဲကြားမှာ နေထိုင်ကြပါတယ်။ မိုရေး ငါးရှဥ့် နဲ့ တခြား ငါးရှဥ့်တွေမတူတာကတော့ မိုရေးငါးရှဥ့်မှာ ပါးဟတ်ဝိုင်းလေးရှိနေပြီး ပုံမှန်အားဖြင့် ရင်အုပ်ရေယပ်တွေ မရှိကြပါဘူး။ မိုရေးငါးရှဥ့် တွေရဲ့ အရေပြားတွေက ထူပြီး ချောမွေ့ကာ အကြေးခွံတွေမရှိကြပါဘူး။ အန္တရာယ်အရှိဆုံးငါးစာရင်းထဲမှာ ပါဝင်နေခြင်းအကြောင်းကတော့ မိုရေးငါးရှဥ့် တွေရဲ့ မေးရိုးတွေဟာ သန်မာပြီးချွန်ထက်တဲ့ သွားများနဲ့ သားကောင်ကို ကိုက်ခဲပြီး ဖမ်းထားနိုင်ကြပြီး ဒဏ်ရာပြင်းထန်စွာဖြစ်စေနိုင်တာကြောင့်ပါ ။ မိုရေးငါးရှဥ့် တွေဟာ လူတွေလာနှောင့်ယှက်တဲ့အချိန်မှသာ ပြန်တိုက်ခိုက်တတ်ကြပြီး လူကိုသေစေနိုင်ပါတယ်။ မိုရေးငါးရှဥ့် တွေဟာ ရောင်စုံတောက်တောက်ရှိကြပြီး အများဆုံး ၁.၅ မီတာ (၅ ပေ)အထိရှည်လျားကြပါတယ်။ ဒါပေမဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းက မိုရေးငါးရှဥ့် တစ်မျိုးဖြစ်တဲ့ Thyrsoidea macrurus ကတော့ ၃.၅ မီတာ (၁၁.၅ ပေ)အထိရှည်ကြပါတယ်။ မိုရေးငါးရှဥ့် တွေကို တစ်ချို့နေရာတွေမှာ ဟင်းလျာအဖြစ်စားသုံးကြပေမဲ့ သူတို့ရဲ့ အသားဟာ အဆိပ်ရှိပြီး တစ်ခါတစ်ရံမှာ သေဆုံးစေနိုင်ပါတယ်။

၅။ ကျားငါး (Tigerfish)

ကျားငါးလို့ ခေါ်ရခြင်းအကြောင်းကတော့ ဒီငါးတွေရဲ့ ရန်လိုခြင်း၊ တိုက်ခိုက်နိုင်စွမ်းနဲ့ ပုံစံတို့ကြောင့်ဖြစ်ပါတယ်။ ကျားငါးတွေဟာ အာဖရိကရေချိုတွေမှာ နေထိုင်ကြပြီး မျိုးစိတ် genus Hydrocynus ထဲမှာ ပါဝင်ပါတယ်။ ကျားငါးတွေဟာ ဆယ်လ်မွန်ငါးခန္ဓာကိုယ်ရှိပြီး အစင်းကြောင်း တွေပါဝင်ကာ သူ့ရဲ့သွားတွေကတော့ ဓားမြှောင်တွေနဲ့ အလားတူပါတယ်။ ကျားငါးတွေဟာ မျိုးစိတ် ၅ ခု ခန့်ရှိပြီး အရှည်ကတော့ ၁.၈ မီတာ (၆ပေ)အထိရှိနိုင်ကြပါတယ်။

၄။ ပီရန်ဟာ အသားစားငါးငယ် (Piranha)

ပီရန်ဟာ အသားစားငါးငယ် ကို caribe ဒါမှမဟုတ် piraya လို့လည်း ခေါ်ကြပါတယ်။ တောင်အမေရိကန် မြစ်တွေ၊ ကန်တွေမှာ နေထိုင်ကြတဲ့ အသားစားငါးဖြစ်တဲ့ပီရန်ဟာမှာ မြည့်နေတဲ့ သွားတွေရှိပါတယ်။ မျိုးစိတ်ပေါင်း ၆၀ ခန့်ရှိပြီး ရက်စက်ကြမ်းကြုတ်ရာမှာ ထင်ရှားတဲ့ငါးမျိုးပါ။ စာဖတ်သူတို့လည်း Piranha ရုပ်ရှင်ကားတွေ ကြည့်ဖူးမယ်ဆိုရင် ဒီငါးတွေ ဘယ်လောက်ရက်စက်ကြလဲဆိုတာ တွေ့မှာပေါ့ ။ ဒါပေမဲ့ ပီရန်ဟာတိုင်း အသားမစားကြပါဘူး။ မျိုးစိတ်အများစုက အသားငါးအပုပ်အသိုးတွေနဲ့ အပင်တွေကို စားသောက်ကြပါတယ်။ ပီရန်ဟာတွေဟာ ၆၀ စင်တီမီတာ (၂ပေ ) လောက်ပဲ ကြီးနိုင်ပြီး အရောင်တွေကတော့ ငွေရောင်ကနေ အနက်ရောင် အထိရှိကြပါတယ်။ ပီရန်ဟာတွေဟာ အုပ်စုဖွဲ့နေထိုင်တတ်ကြပြီး အကောင်ရေ ၁၀၀ ကျော်နေထိုင်ကြပါတယ်။ ပီရန်ဟာတွေဟာ သူတို့ထက် အကောင်သေးတဲ့ သားကောင်တွေကိုပဲ တိုက်ခိုက်လေ့ရှိပြီး တစ်ခါတစ်ရံမှာတော့ အကောင်ကြီးတွေကို တိုက်ခိုက်တတ်ပါတယ်။ အကြားအာရုံအားကောင်းတဲ့ သတ္တဝါတွေဖြစ်ပြီး သားကောင်တွေရင် အချင်းချင်းအချက်ပေးပြီး အုပ်စုဖွဲ့တိုက်ခိုက်တတ်ကြပါတယ်။ တိုက်ခိုက်ပြီဆိုရင်လည်း တစ်ချက်လောက်ကိုကိုက်ပြီးတာနဲ့ တခြားကောင်တွေစားဖို့အတွက် ဖယ်ပေးကြပါတယ်။ ပြောရရင် စည်းလုံးမှုရှိတဲ့ ငါးတွေလို့ပြောရမှာပါ။

၃။ ကျောက်တုံးငါး(Stonefish)

ဒီငါးရဲ့ ပုံကိုကြည့်ပြီး ကျောက်တုံးငါးလို့ နာမည်ပေးထားတာ စာဖတ်သူတို့ အပြည့်အဝလက်ခံကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အန္တရာယ်အပေးနိုင်ဆုံးငါးတွေထဲမှာ ထိပ်ဆုံးပိုင်းနေရာမှာ ပါဝင်နေတဲ့ ကျောက်တုံးငါးကတော့ မျိုးစိတ် Synancejidae ထဲမှာပါဝင်ပြီး အင်ဒို – ပစိဖိတ်သမုဒ္ဒရာ ရဲ့ ရေတိမ်ပိုင်းတွေ၊ ကျောက်တုံးတွေ၊ သန္တာကျောက်တွေနဲ့ ရွှံတောတွေမှာ ကိုယ်ယောင်ဖျောက်ပြီး နေထိုင်ကြပါတယ်။ ကျောက်တုံးငါးတွေက ခေါင်းကြီးကြီး၊ ပါးစပ်ကြီးကြီးနဲ့ တုတ်တုတ်ခိုင်ခိုင်ငါးမျိုးဖြစ်ပြီး ပင်လယ်ကြမ်းပြင်မှာ မလှုပ်ရှားဘဲနေထိုင်ကြပြီး ပတ်ဝန်းကျင်နဲ့ ပုံစံတူအောင် ကိုယ်ယောင်ဖျောက်နေထိုင်ကြပါတယ်။ ကျောက်တုံးငါးရဲ့ အန္တရာယ်ပေးနိုင်တဲ့ အစွမ်းကတော့ အလွယ်တကူမမြင်ရဘဲ သူ့အပေါ်တက်နင်းမိရင် အဆိပ်တွေကို ကျောဘက်ဆူးတောင်မှ ထိုးသွင်းနိုင်တဲ့အတွက်ပါ။ ဒီလိုဆူးတောင်နဲ့ အထိုးခံရပြီဆိုရင်တော့ အင်မတန်နာကျင်တဲ့ ဝေဒနာ ခံစားရမှာ ဖြစ်ပြီး သေစေတဲ့အထိ ပြင်းထန်ပါတယ်။

၂။ အတ္တလန္တိတ် ငါးလိပ်ကျောက် (Atlantic Manta)

Menta ငါးလိပ်ကျောက် ဒါမှမဟုတ် မကောင်းဆိုးဝါး ငါးလိပ်ကျောက်လို့လည်းခေါ်တဲ့ အတ္တလန္တိတ် ငါးလိပ်ကျောက်ဟာ ကမ္ဘာအကြီးဆုံး ငါးလိပ်ကျောက် အမျိုးအစားထဲမှာ ပါဝင်ပြီး မျိုးရင်း Mobulidae ထဲမှာပါဝင်ပါတယ်။ အတ္တလန္တိတ် ငါးလိပ်ကျောက်တွေဟာ အလျားထက် အနံက ပိုရှည်ပြီး သူ့ရဲ့ ရင်ဘတ်ပိုင်းအရေပြားရေယက်များဟာ ဘေးနှစ်ဖက်ကို ပြန့်ကားနေပြီး အတောင်ပံပုံစံနဲ့ တူပါတယ်။ မကောင်းဆိုးဝါး ဦးချိုနဲ့တူတဲ့ သူ့ရဲ့ ဦးခေါင်းရေယက် နှစ်ခုက ခေါင်းအရှေ့မှာ ထွက်နေပါတယ်။ အန္တရာယ်အများဆုံး ငါးစာရင်းမှာ နံပတ် (၂) နေရာရနေတဲ့ အကြောင်းကတော့ သူရဲ့ ကျာပွတ်နဲ့တူနဲ့ အဆိပ်ဆူး အမြီးကြောင့်ပါ။ တစ်ချို့ မျိုးစိတ်တွေမှာ အဆိပ်ဆူးက တစ်ချောင်းမကပါဘူး။ အတ္တလန္တိတ်ငါးလိပ်ကျောက်ဟာ ငါးမန်း၊ ငါးလိပ်စွန်တို့နဲ့ မျိုးရင်း ဆက်နွယ်နေပြီး ပင်လယ်ရေနွေးပိုင်းတွေမှာ နေထိုင်ကြပါတယ်။ အတ္တလန္တိတ် ငါးလိပ်ကျောက်ဟာ ရေမျက်နှာပြင်နားမှာပဲ ကူးခပ်နေထိုင်ကြပြီး ပလက်တွန်းလို့ခေါ်တဲ့ မျောလှေးတွေနဲ့ ငါးပေါက်လေးများကို သူ့ရဲ့ ဦးခေါင်းရေယက်နဲ့ ဖမ်းပြီးစားတတ်ကြတယ်။ ငါးလိပ်ကျောက်အကြီးဆုံးကတော့ ရ မီတာ (၂၃ပေ) အထိကြီးထွားနိုင်ပြီး ရန်လိုတဲ့ ငါးမျိုးတော့မဟုတ်ပါဘူး။

၁။ လျှပ်စစ်ငါးရှဥ့် (Electric Eel)

မှတ်မိကြသေးရဲ့လား။ ၂၀၁၄ ခုနှစ်ကထွက်တဲ့ Amazing Spider-Man 2 ဇာတ်ကားမှာ လျှပ်စစ်အင်ဂျင်နီယာ မက်စ်ဒီလွန် (Max Dillon) ကဗီဇပြုပြင်ထားတဲ့ လျှပ်စစ်ငါးရှဉ်ကန်ထဲကို ကျသွားပြီး လျှပ်စီးကိုထိန်းချုပ်နိုင်တဲ့ Electro ဗီလိန်ဖြစ်လာတဲ့အခန်း။ တကယ်အပြင်မှာတော့ လျှပ်စစ်ငါးရှဥ့်တွေက လူတစ်ယောက်ကို အဲ့လိုလျှပ်စီးတွေ ထိန်းချုပ်နိုင်အောင်တော့ မလုပ်ပေးနိုင်ပေမဲ့ လူတစ်ယောက်ကိုတော့ ကောင်းကောင်းဓာတ်လိုက်သွားအောင် လျှပ်စစ်ထုတ်နိုင်ကြပါသေးတယ်။ ဒါကြောင့် ဒီကောင်ကနံပါတ် ၁ နေရာမှာ ထိုက်ထိုက်တန်တန် နေရာယူထားတာပေါ့။ လျှပ်စစ်ငါးရှဥ့်တွေဟာ Electrophorus electricus မျိုးစိတ်ထဲကဖြစ်ပြီး တောင်အမေရိရေချိုဒေသတွေမှာ နေထိုင်ကြပါတယ်။ လျှပ်စစ်ငါးရှဥ့်တွေဟာ ရှည်ရှည်မျောမျောခန္ဓာကိုယ်နဲ့ အကြေးခွံမပါဘဲ အညိုရောင်ဘက်သန်းတဲ့ အရောင်ရှိပါတယ်။ လျှပ်စစ်ငါးရှဥ့်တစ်ကောင်ဟာ အများဆုံး ၂.၇၅ မီတာ (၉ပေ) အထိရှည်လျားနိုင်ပြီး ၂၂ ကီလိုဂရမ်အထိ အလေးချိန်ရှိကြပါတယ်။ သူ့ရဲ့ အမြီးပိုင်းဟာ ခန္ဓာကိုယ်အလျားရဲ့ ၄ ပုံတစ်ပုံလောက်ရှိပြီး အောက်ပိုင်း ရေယက်လေးတွေရှိပါတယ်။ ငါးရှဥ့် လို့သာအလွယ်တကူခေါ်နေကြတာ လျှပ်စစ်ငါးရှဥ့်က ငါးရှဥ့်အစစ်မဟုတ်ဘဲ ပီရန်ဟာ အသားစားငါးငယ်တို့နဲ့မျိုးတူတဲ့ characin ငါးမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ပုံစံက ငါးရှဥ့်လို ရှည်ရှည်မျောမျောဆိုတော့ ငါးရှဥ့်လို့ပဲခေါ်နေကြတာပါ။ ဒီလျှပ်စစ်ငါးရှဥ့်တွေဟာ အမေဇုံသစ်တောမှာရှိ varzea ရေလွှမ်းသစ်တောမှာတော့ ကြောက်စရာအကောင်းဆုံး အဏ္ဏဝါသားရဲတစ်ကောင်ပါပဲ။ လျှပ်စစ်ငါးရှဥ့်တွေဟာ နှေးနှေးလေးပဲသွားတဲ့ ငါးဖြစ်ပြီး အသက်ရူဖို့ ရေမျက်နှာပြင်ပေါ်ကို ခဏခဏ တက်လာလေ့ရှိပါတယ်။ သူရဲ့ ပါးစပ်ဟာ သွေးကြောအများအပြားနဲ့ ဖွဲ့စည်းထားပြီး သူ့ရဲ့ပါးစပ်ကို အဆုပ်အဖြစ် အသုံးချနိုင်တဲ့ငါးမျိုးပါ။ သဘာဝတရားကြီးကလည်း အံ့ဩဖို့ကောင်းပါတယ်။ ဒီလို့သူ့ရဲ့ ပါးစပ်ကို အဆုတ်အဖြစ် အသုံးချတဲ့ငါးဖြစ်တာကြောင့် ဆူးပါတဲ့ ငါးကို စားတော့မယ်ဆိုရင် သူ့ရဲ့ပါးစပ်ထိခိုက်မှာဆိုးတဲ့အတွက် အရင်ဆုံး လျှပ်စစ်နဲ့ ရှော့ရိုက်ပြီး သားကောင်မလှုပ်နိုင်တော့မှ အလွယ်တကူ စားသုံးတာပါ။ လျှပ်စစ်ငါးရှဥ့်ရဲ့ အမြီးမှာ လျှပ်စစ်ထုတ်လုပ်တဲ့အင်္ဂါတွေပါဝင်ပြီး ၃၀၀ ဗို့ကနေ ၆၅၀ ဗို့ အထိထုတ်လုပ်နိုင်ကာ ဒီပမာဏဟာ လူတစ်ယောက်ကို ကောင်းကောင်းဓာတ်လိုက်စေနိုင်ပါတယ်။ ဒါ့အပြင့် ဒီလျှပ်စစ်ထုတ်နိုင်တဲ့အမြီးကို အသုံးပြုပြီး သူတို့ဟာ မျိုးနွယ်တူလျှပ်စစ်ငါးရှဥ့်အချင်းချင်း ဆက်သွယ်နိုင်ကြပါသေးတယ်။

Ref : Encyclopædia Knowledge : 10 of the World’s Most Dangerous Fish


Like it? Share with your friends!

0

What's Your Reaction?

Cry Cry
0
Cry
Cute Cute
0
Cute
Damn Damn
0
Damn
Dislike Dislike
0
Dislike
Like Like
0
Like
Lol Lol
0
Lol
Love Love
0
Love
Win Win
0
Win
WTF WTF
0
WTF

Comments 0

Your email address will not be published. Required fields are marked *

ကမာၻ႔အႏၲရာယ္အမ်ားဆုံး ငါး (၁၀) မ်ိဳး

log in

Become a part of our community!

reset password

Back to
log in
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Open List
Open List
Ranked List
Ranked List
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF